ပြည်သူ့ဘဏ္ဍာ

မြန်မာနိုင်ငံ အစိုးရဘတ်ဂျက် အချက်အလက်များ

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရဘတ်ဂျက်


၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်နယ်/တိုင်းဒေသကြီးအစိုးရဘတ်ဂျက်


လွှတ်တော်ကိုတင်သွင်းထားတဲ့ ၂၀၁၈-၁၉ ဘတ်ဂျက်အဆိုပြုချက်များ

ယခုနှစ် ပြည်ထောင်စုအစိုးရဘတ်ဂျက် အဆိုပြုချက်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးက လွှတ်တော်ကို ၂၃ နဲ့ ၂၅ ဇူလိုင်လတွေမှာ တင်သွင်းခဲ့ပါတယ်။​ အခုအချိန်မှာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ဘတ်ဂျက်တွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ ဘတ်ဂျက်စိစစ်ရေးအဖွဲ့ ၁၆ ဖွဲ့က စိစစ်နေပြီး သူတို့ရဲ့ စိစစ်ချက်တွေ စုပေါင်းပြီး၊ မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့က အစီရင်ခံစာတင်သွင်းကြမှာဖြစ်ပါတယ်။


ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအရ လာမည့်နှစ် အစိုးရဘတ်ဂျက်

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့တွင် သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ထိုင်ခဲ့ပြီး လာမည့်လွှတ်တော်မှာ တင်သွင်းမယ့် ဘတ်ဂျက်ကို အတည်ပြုဆွေးနွေးခဲ့သည်။


ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တွေ ပိုတိုးလာပေမယ့် ကျောင်းတွေ၊ ဆေးခန်းတွေ ပိုကောင်းမလာရခြင်း အကြောင်းရင်း

တစ်နှစ်ပြီးတစ်နှစ် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ ပိုပိုသုံးစွဲရေးအတွက် တောင်းဆိုမှုများ၊ တိုက်တွန်းမှုများမှာ မပြတ်ကြားရလေ့ရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် လွှတ်တော်အစိရင်ခံစာတစ်စောင်တွင် “အရေးကြီးသည့် အခြေခံအဆောက်အအုံများနှင့် လူမှုအသုံးစရိတ်များဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး”တို့ကို ပိုမိုသုံးစွဲရန် တိုက်တွန်းထားသည်။


ဘာလို့အခွန်ဆောင်သင့်တာလဲ

အခုကာလ မြန်မာနိုင်ငံမှာ စကားပြောဆို ဆွေးနွေးကြရင် ကြားရလေ့ရှိတဲ့ မေးခွန်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ လက်ဘက်ရည်ဆိုင်ထိုင်ပြီး နိုင်ငံရေးအကြောင်း၊ အစိုးရအကြောင်း ပြောကြတဲ့အခါ ကြားရတတ်တဲ့ မေးခွန်းဖြစ်ပါတယ်။ “အခွန်ဆောင်ထားလား၊ အခွန်ဆောင်ဖူးလား” ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းနဲ့ ကပ်လျက်မှာ ထပ်ကြားရလေ့ရှိတဲ့ နောက်မေးခွန်းတစ်ခုက “အခွန်လေး နည်းနည်းပါးပါး ဆောင်တာလောက်နဲ့ ဘာလုပ်လို့ရမှာလဲ” ဆိုတာမျိုးပါ။ အဲ့ဒိအတွက်တော့ သတင်းကောင်းတစ်ခုရှိပါတယ်။


ပြည်သူ့ဘဏ္ဍာ အင်တာနက်စာမျက်နှာ အကြောင်းနှင့် အသုံးပြုနည်း

ပြည်သူ့ဘဏ္ဍာ အင်တာနက်စာမျက်နှာသည် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပြီး၊ ဘတ်ဂျက်လုပ်ငန်းစဉ်နှင့် ခွဲဝေချထားပေးမှုများအပေါ် ဆွေးနွေးသုံးသပ်မှုများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ပြုလုပ်ခဲ့သည့် ရိုးရှင်းသည့် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပါသည်။