ပြည်သူ့ဘဏ္ဍာ

ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအရ လာမည့်နှစ် အစိုးရဘတ်ဂျက်

ယခင်နှစ်များ၏ ဘတ်ဂျက်များနှင့် နှိုင်းယှဉ်ချက်

Posted by Htin Kyaw Aye on July 22, 2018

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့တွင် သမ္မတဦးဆောင်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ထိုင်ခဲ့ပြီး လာမည့်လွှတ်တော်မှာ တင်သွင်းမယ့် ဘတ်ဂျက်ကို အတည်ပြုဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးများအပြင်၊ ဝန်ကြီးချုပ်များလည်း ပါဝင်သည့် ကော်မရှင် အစည်းအဝေးကနေတစ်ဆင့် ပြည်ထောင်စု သို့မဟုတ် ပြည်နယ်/တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ မရနိုင်သည့်တိုင် ဒုသမ္မတနှစ်ယောက်ရဲ့ တင်ပြချက်များမှတစ်ဆင့် လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရဘတ်ဂျက်ကို အကြမ်းဖျဉ်း မှန်းဆကြည့်နိုင်ပါသည်။ အစည်းအဝေးတွေ ဆွေးနွေးခဲ့သည့် ဘတ်ဂျက်မှာ ဘဏ္ဍာနှစ်ကို ဧပြီ-မတ် မှ အောက်တိုဘာ-စက်တင်ဘာသို့ ပြောင်းလဲပြီးနောက် စတင်အကောင်အထည်ဖော်မည့် ဘတ်ဂျက်ဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လဘတ်ဂျက်ကို အကောင်အထည်ဖော်လျက်ရှိသည်။

နိုင်ငံခြားအထောက်အပံ့

ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံခြားအထောက်အပံ့မှ ရရှိငွေအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၆၁၈ ဘီလီယံ ရရှိခဲ့ရာမှ လာမည့်ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၆၈၂ ဘီလီယံ သို့ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံခြားအထောက်အပံ့အနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျဆင်းခဲ့ဖူးသော်လည်း ပုံမှန်တိုးတက်လျက်ရှိသည်။​

ပြည်နယ်/တိုင်းဒေသကြီးအစိုးရများသို့ ပြည်ထောင်စုထောက်ပံ့ငွေ

ပြည်ထောင်စုမှ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများသို့ ထောက်ပံ့ငွေမှာ ကျပ် ၁၇၀၀ ဘီလီယံ​ဝန်းကျင်တွင် ဆက်ရှိနေဆဲဖြစ်ပြီး၊ ဘဏ္ဍာနှစ်သစ်တွင် ၁၇၉၄ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားသည်။​

ပြည်နယ်/တိုင်းဒေသကြီး အစိုးရဘတ်ဂျက်

ပြည်နယ်/တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်အနေဖြင့် မည်သို့ရှိမည်နည်းဟူသည့်အချက်ကို ဒုသမ္မတ ၂ က တင်ပြရာတွင် လစာနှင့် အခြားတိုက်ရိုက်ကုန်ကျစရိတ်များအနေဖြင့် ၃၁ ရာခိုင်နှုန်း ရှိမည်ဖြစ်ပြီး ငွေလုံးငွေရင်း အသုံးစရိတ် ၆၉ ရာခိုင်နှုန်း ရှိမည်ဟု သိရသည်။ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်အတွက် ပြည်နယ်/တိုင်းဒေသကြီး ၁၀ ခုစာသာ အချက်အလက် ရနိုင်သဖြင့် တစ်နှစ်ချင်းစီအတွက် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွက် ပျမ်းမျှ အသုံးစရိတ် ကို နှိုင်းယှဉ်ကြည့်ရာ ငွေလုံးငွေရင်း အသုံးစရိတ် ပိုများလာမည်ဟု ဆိုနိုင်ပါသည်။​

ပြည်နယ်/တိုင်းဒေသကြီး လမ်းများ

ပြည်နယ်/တိုင်းဒေသကြီး အစိုးရများမှ ဖောက်လုပ်မည့် လမ်းများကိုလည်း အစည်းအဝေးတွေ တင်ပြခဲ့သည်။ ယခင်နှစ်နှစ်စာအတွက် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ၏ လမ်းဦးစီးဌာန ပျမ်းမျှအသုံးစရိတ်နှင့် နှိုင်းယှဉ်ကြည့်ရာ လမ်းဖောက်လုပ်မှု အသုံးစရိတ် ပိုများလာမည့် အနေအထားကို မြင်တွေ့နိုင်ပါသည်။